အိမ်မဲမြိုနယ် ပြည်သူ့ကျန်းမာရေးဦးဌာနများတွင် ကိုဗစ်ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံနေမှုများအား တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေး

အိမ်မဲ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံများတွင် ကိုဗစ်ကာကွယ်ဆေးများကို ယမန်နေ့က ထိုးနှံပေးလျက်ရှိရာ ထိုးနှံပေးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရွာသစ်တိုက်နယ် ပြည်သူ့ဆေးရုံတို့တွင် ပြည်သူများအား ကိုဗစ်အပိုထပ် ဆောင်းကာကွယ်ဆေး  (Pfizer) ထိုးနှံနေမှုတို့အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါက်တာမို့မို့ဝင်း၊ WHO၊ တိုးချဲ့ကာကွယ်ဆေးဌာနမှ တာဝန်ရှိသူများနှင့် ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်းတာဝန်ခံ ဒေါက်တာအောင်သူတို့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ပြန်သူ့ကျန်းမာရေးဦးစီး ဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များက ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပျက်ထားသိုမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်အပိုထပ်ဆောင်းကာကွယ်ဆေး (Pfizer) ထိုးနှံမှုကို အိမ်မဲပြည်သူ့ဆေးရုံစုရပ်နှင့် ရွာသစ်တိုက်နယ် ပြည်သူ့ဆေးရုံစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိပြီး ထိုးနှံပေးရာ၌ သတ်မှတ်ထားသော ရည်မှန်း ဦးတည်အုပ်စုများအား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)