ပုလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်း လက်မှတ်များပေးအပ်

ပုလော   ဧပြီလ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၄  နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပုလောမြို့၊ အထက(၂)ကျောင်း အုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်က ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းကို နွေရာသီ ကျောင်းပိတ်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အချိန်အခါမရွေး လူမှုဂရုဏာလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင်လာပြီး စွမ်းရည်ပြည့်ဝသည့် ကျွမ်းကျင်သော ရှေးဦးပြုစုသူကြက်ခြေနီ လူငယ်များဖြစ်လာစေရန်  ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ကျောင်းသူ ၅၀ ဦးတက်ရောက်ခဲ့ပြီး အရည်အချင်း စစ်စာမေးပွဲတွင် ပထမဆုကို မခင်ဆောင်းဟေ၊ ဒုတိယဆုကို မချူးဆက်ရောင်၊ တတိယဆုကို မဝင်းသီရိကျော်တို့ကို ဆုများချီးမြှင့်ခဲ့ကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)