မတ္တရာ ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကွန်ပျူတာအခြေခံပညာရပ်များကို ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းတို့မှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းသူ တစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း သင်တန်းသား (၂၀) ဦးတို့ကို ရက်သတ္တ (၂)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပြီး၊ (၃/၂၀၂၄) သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)