ပိုင်ကျုံမြို့ရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်များ ထောက်ပံ့ပေး

ပိုင်ကျုံ ဧပြီ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်များကို ဧပြီလ ၁၁ ရက်နေ့က  ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စုပေါင်း (၇၆၆)စု၊ ကျား (၁၃၀၅)ဦး၊ မ (၁၃၈၂)ဦး၊ စုစုပေါင်း (၂၆၈၇)ဦးတို့အတွက် ဆန်အိတ် (၂၁၄၀)အိတ်တို့အား ပတကျေးရွာအုပ်စု၊ အ-ထ-က ပတကျောင်းနှင့် ထီးဖိုးကိန်းကျေးရွာအုပ်စု၊  အ-မ-က ထီးဖိုးကိန်းကျောင်းတို့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်များကို ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများထံ လက်ဝယ်အရောက်ရရှိရေးအတွက် ပိုင်ကျုံမြို့ မြို့နယ်အုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က ကြီးကြပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)