စဉ့်ကူး ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးတို့က ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၀၀၀) နှင့် ဆန် (၂၂) ပြည် (၅) လုံးနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၅၀၀၀၀) နှင့် ဆန် (၄၆) အိတ် (၂၁) ပြည်တို့အား ယာယီနေရပ်စွန့်ခွာပြည်သူ (၅၀) ဦးတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)