ဒိုက်ဦးမြို့နယ် ကန်ဦးပညာရေး ဖောင်ဒေးရှင်းမှ သန့်ရှင်း၍ စိမ်းလန်းသောကျောင်းဆု (CLEAN & GREEN SCHOOL AWARD) ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဒိုက်ဦး ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကန်ဦးပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်သော ၂ဝ၂၃ -၂ဝ၂၄ ပညာသင်နှစ်သန့်ရှင်း၍စိမ်းလန်းသောကျောင်းဆု(CLEAN & GREEN SCHOOL AWARD) ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၂ ရက်နေ့နံနက် ၉ နာရီအချိန်က ကန်ဦးပညာရေးဖောင်ဒေးရှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍ ကန်ဦးပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးစိုးဝင်းက ကန်ဦးပညာရေးဖောင်ဒေးရှင်း စတင်ပေါ်လာမှုနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းပညာရေးမှူး(အငြိမ်းစား)ဆရာကြီးဦးသိန်းလှိုင်က ဂုဏ်ပြုစကား​ကိုလည်းကောင်း၊ ကန်ဦးပညာရေးဖောင်ဒေးရှင်း ဒု-ဥက္ကဋ္ဌ ဧကတစ်ထောင် ဦးသိန်းမြင့်က ဂုဏ်ပြုစကားကိုလည်းကောင်း၊ ကန်ဦးပညာရေးဖောင်ဒေးရှင်း အတွင်းရေးမှူးဦးဝင်းနိုင်က ကျေးဇူးတင်စကားကိုလည်းကောင်း၊ ကန်ဦးပညာရေးဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်လွင်က သန့်ရှင်း၍စိမ်းလန်းသောကျောင်းဆု (CLEAN & GREEN SCHOOL AWARD ) ဆောင်ရွက်ခြင်းနှင့် ဆုချီးမြှင့်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်းအသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဆုချီးမြှင်ခြင်းအစီအစဉ်ကျင်းပရာ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် သန့်ရှင်း၍စိမ်းလန်းသောကျောင်းဆု(CLEAN & GREEN SCHOOL AWARD) အလယ်တန်းအဆင့် မြို့နယ်ပထမဆုနှင့် ခရိုင်ပထမဆုရရှိသော အ.လ.ကဒိုးတန်းကျောင်း၊ အလယ်တန်းအဆင့် မြို့နယ်ဒုတိယဆုနှင့် ခရိုင်ဒုတိယဆုရရှိသောအ.လ.က တကောင်းကျောင်း၊ မူလတန်းအဆင့် မြို့နယ်ပထမဆုနှင့် ခရိုင်ပထမဆုရရှိသော မူလွန်ရွှေအင်ဒုံကျောင်းတို့အား ဆုများချီးမြှင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)