သတင်းများ

ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအဆင့်မြင့်အားကစား သင်တန်းများဖွင့်လှစ်သင်ကြား
May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ် သော ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း အားကစားနည်း (၅)မျိုးအား ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးအား အာဟာရများ ထောက်ပံ့ပေးအပ်
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးအား တစ်ဦးလျှင် အာဟာရပစ္စည်း(၅)မျိုးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 03,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဝိုင်းမော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် နည်းပညာအဆိုပြုလွှာ (TP) နှင့် စျေးနှုန်းအဆိုပြုလွှာ (PP) လက်ခံစိစစ်ခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲကျင်းပ
May 03,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် နည်းပညာအဆိုပြုလွှာ (TP)နှင့် စျေးနှုန်းအဆိုပြုလွှာ (PP) လက်ခံစိစစ်ခြင်းအိတ်ဖွင့် တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်
May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးဆုံးရှုံး
May 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌ တောင်သူအသိပညာပေး ဆွေးနွေးပွဲနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားရှိသော နွေစပါးများအား စံကွက်ရိတ်သိမ်း
May 03,2024
ရန်ကုန်တိုင်းဒသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်‌နေ့နံနက်ပိုင်းက ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ၌ (၂၀၂၄-၂၀၂၅)ခုနှစ် မိုးစပါးစိုက်ရာသီတွင် မျိုးစေ့ချကိရိယာ (Seeder)အသုံးပြု၍ စပါးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) တပ်ဆင်ပေး
May 03,2024
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀) ဆံ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွားနှင့် ခံတွင်းကုသဆောင်၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိသည်။