သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ခနောင်တို အရှေ့ရပ်ကွက်၊ ဗဟိုလမ်း‌ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ်၌ ပြည်သူများ ရိုးရာအတာသင်္ကြန်ကို မြန်မာ့ရိုးရာ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာ ရေကစား
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ပြည်သူများက မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာစတုဒိသာမဏ္ဍပ်၌ မုန့်လက်ဆောင်းသောက်သုံး၍ ရေကစားမဏ္ဍပ်များဖြင့် ၂၀၂၄ ခုနှစ်၊ ယမန်နေ့ သင်္ကြန်အကြိုနေ့က အတာရေပက်ဖြန်းရင်း ပျော်ရွှင်စွာဖြင့် အတာရေကစားခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
Apr 14,2024
ကျောက်တန်းမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ ကျောက်တန်းမြို့နယ် "မှော်ဝန်းရိပ်မြေ" မဟာသင်္ကြန် အတာရေသဘင်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 14,2024
(၁၃၈၅) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းတပ်နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ တပ်နယ်စစ်ဗျူဟာတွင် ကျင်းပရာ စစ်ဗျူဟာ (အခြေချ) (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ သင်္ကြန်အကျနေ့တွင် ဥပုသ်သီလခံယူဆောက်တည်များနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား
Apr 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး(သင်္ကြန်အကျနေ့) ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးတို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကား
Apr 14,2024
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများဖြစ်ကြသော မြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိပြီး ယင်းကျောင်းတိုက်များတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ဒါနကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
အုတ်တွင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ဒိုးပင်သောင်ကျေးရွာ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်(အကြိုနေ့) ညန ၆ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပသည်။