ကျောက်တန်းမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

ကျောက်တန်း ဧပြီ ၁၄

ကျောက်တန်းမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ ကျောက်တန်းမြို့နယ် "မှော်ဝန်းရိပ်မြေ" မဟာသင်္ကြန် အတာရေသဘင်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားကို ကျောက်တန်းမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဌ ဦးဘုန်းခန့်အောင် စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းးထွန်း၊ အမှတ်(၁)စစ်ကြောင်းမှူး ဗိုလ်မှူးလွင်ကိုဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဇော်၊ ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောအယ်ဒိုနှင့် တာဝရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပီး သင်္ကြန်ယိမ်းအဖွဲ့(၉)ဖွဲ့မှ သင်္ကြန်ယိမ်းအကများဖြင့် ကပြဖြေဖျော်ခဲ့ကြသည်။

အဆိုပါ မြို့နယ်ဗဟိုသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်အကြိုနေ့မှစ၍ သင်္ကြန်အတက်နေ့ထိ နေ့စဥ် ယိမ်းအဖွဲ့(၁၂)ဖွဲ့မှ အလှည့်ကျ ကပြဖျော်​ဖြေ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)