သတင်းများ

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄) အခမ်းအနား ကျင်းပ
May 03,2024
ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား
May 03,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပါသည်။
မလှိုင်မြို့နယ်၌ မိုးသက်လေပြင်းကျ၍ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွား
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌မေလ(၂)ရက်နေ့ ညနေ(၈)နာရီ(၃၅)အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ အုပ်ဖိုကန် ကျေးရွာအုပ်စု၊ ရေချိုဘူတာကျေးရွာအုပ်စု၊ ထန်းတောကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင်သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များအားကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုလူ ရည်ချွန်မောင်မယ်(၇)ဦးအားကြိုဆို ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို မေလ (၁) ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့အား အင်္ဂလိပ်စာဆရာ ဦးအောင်ကျော်ဆန်းမှ အခြေခံအင်္ဂလိပ်စာသဒ္ဒါ၊ အခြေခံအင်္ဂလိပ်စကားပြောတို့အား ကျောင်းသား၊ ကျောင်းသူများ စနစ်တကျရေးဖွဲ့ပြောဆိုတတ်စေရန် သင်ကြားပေးလျက်ရှိပြီး၊ သင်ခန်းစာများကို မေ ၁၀ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ  အခမဲ့ငှားရမ်းပေး
May 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီ၊ ကာတွန်း၊ပိုစတာ ၊ ကွန်ပျူတာပန်းချီ ၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲ  မြို့နယ်အဆင့် ပြုလုပ်
May 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) (၃၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ၊ ကွန်ပျူတာပန်းချီ ၊ ဆောင်းပါးနှင့် ကဗျာမြို့နယ်အဆင့် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
May 03,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်တောင်ရပ်ကွက် မြို့မ(၁)ရပ်ရှိ အ.ထ.က(ခွဲ) အ.လ.က (၁၀) စာသင်ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။