အုတ်တွင်း ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ဒိုးပင်သောင်ကျေးရွာ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်(အကြိုနေ့) ညန ၆ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော် ၊အဖွဲ့ဝင်(၂) ဦးတင်ယု၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ခဲ့ပြီး ယိမ်းအဖွဲ့များက “မူယာကြော့”သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များက အဖွဲ့လိုက် သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေလျက်ရှိပြီး မဟာသင်္ကြန်အကြိုနေ့မှစ၍ မဟာသင်္ကြန်အတက်နေ့အထိ ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေမှုများ၊ အပျော်တမ်းသီချင်းဆိုပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အုတ်တွင်းမြို့ပေါ်ရပ်ကွက်များတွင်လည်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး စည်ကားလျက်ရှိကြောင်းသိရသည်။
အေမင်းရည်စော (ပြန်/ဆက်)