တပ်ကုန်းမြို့၌ သင်္ကြန်အကျနေ့တွင် ဥပုသ်သီလခံယူဆောက်တည်များနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

တပ်ကုန်း ဧပြီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး(သင်္ကြန်အကျနေ့) ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းဝတ်သူများနှင့် ဥပုသ်သီလဆောက်တည်သူ များပြားကြောင်း၊ တစ်ဦးချင်း စေတနာရှင်နှင့် အစုအဖွဲ့စေတနာရှင်များက ထမင်း၊ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ၊ ကြာဇံကြော်၊ ကြာဇံဟင်းခါး၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်နှင့် မုန့်လက်ဆောင်းများကို စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းကြကြောင်း၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်ငယ်များဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရပြီး၊ နှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဆိုပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်