ကွန်ဟိန်း ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ တပ်နယ်စစ်ဗျူဟာတွင် ကျင်းပရာ စစ်ဗျူဟာ (အခြေချ) (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းတပ်နယ် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးယိမ်းအကအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)