သတင်းများ

ကျောက်မဲမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်း Online ဖွင့်လှစ်ပို့ချ
Apr 26,2024
ရှမ်းပြည်(မြောက်ပ်ုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်းကို ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်၊ သတင်းရေးသားမှုအရည်းအသွေး ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးနိုင်ရန် ခွဲစိတ်ခန်းနှင့် ခွဲစိတ်ခန်းသုံးကိရိယာများအား စနစ်ကျသန့်စင်ဆောင်ရွက်
Apr 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး ၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Apr 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ဧပြီလ ၂၂ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်က ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များကျိုးကျသဖြင့် မီးသတ်ဦးစီးဌာနနှင့် လူမှုကူညီရေးအဖွဲ့များက ခုတ်ထွင်ရှင်းလင်း
Apr 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်ကြီးများ လဲကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေး/ ဝယ်ယူရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်
Apr 25,2024
၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေး/ ဝယ်ယူရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
လိပ်သိုဒေသထွက် မရမ်းသီးခြောက်များ ဈေးကောင်းရ
Apr 25,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချရာ ဈေးကောင်းရလျက် ရှိနေကြောင်း သိရသည်။
စက်မှုနည်းပညာဘာသာရပ်များ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Apr 25,2024
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့၊ပလစ ၂ အထက်တန်းကျောင်း၊စင်္ကြာမင်းခန်းမတွင် ယနေ့ ၊နံနက် ၉ နာရီအချိန်ကကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပလစ-၂ ကျောင်း၌ဖွင့်လှစ်မည့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ စက်မှုနည်းပညာဘာသာရပ်များ အတွက်သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
Apr 25,2024
၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓာတ်ပုံပညာရှင်များ၊ အမှတ် ပေးဓာတ်ပုံဒိုင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။