ကျောက်မဲမြို့နယ်တွင် သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်း Online ဖွင့်လှစ်ပို့ချ

ကျောက်မဲ ဧပြီ ၂၆

ရှမ်းပြည်(မြောက်ပ်ုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်(၁/၂၀၂၄) သင်တန်းကို ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်၊ သတင်းရေးသားမှု အရည်အသွေးကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သတင်းရေးသား ထုတ်ပြန်ခြင်း ခေါင်းစဥ်ဖြင့် ဆွေးနွေးပို့ချခဲ့သည်။

 အဆိုပါ သင်တန်းသို့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်/မြို့ရုံးတို့မှ ဝန်ထမ်း(၂၀) တက်ရောက်ခဲ့ပြီး ၊ သင်တန်းနည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ  ဦးလှဌေး(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးစိုင်းထွန်းသိန်း(ဦးစီးအရာရှိ)၊ ဒေါ်ခင်နီလာစိုး( ဦးစီးအရာရှိ)တို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဧပြီလ(၂၅)ရက်မှ (၂၇)ရက်နေ့ထိ ၃ ရက် ပို့ချသွားမှာဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)