သတင်းများ

မိုးကုတ်မြို့နယ်၊ ပတ္တမြားဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်
Apr 27,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ကျပ်ပြင်အုပ်စု၊ အောင်နီလာရပ်ရှိ ပတ္တမြားဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၄) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အင်းမမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Apr 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ကျေးသားအုပ်စု၊ သိမ်ကုန်း​ဘုန်းတော်​ကြီး​ကျောင်း၌ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီက Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့သည်။
သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်းဖွင့်လှစ်
Apr 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ ဦးဆောင်၍ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာတန်ဖိုးထားတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ဧပြီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် လူငယ်ရက်တို သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ရေခက်ခဲသည့် ရပ်ကွက်များသို့ ရေလှူဒါန်းပေး
Apr 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ အပူချိန်မြင့်မား၍ ရေခက်ခဲသည့် ရပ်ကွက်များသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေများလှူဒါန်းပေခြင်းကို ယနေ့ နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ဝိုင်းများတွင် ဆက်လက်သင်ကြား
Apr 26,2024
ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးအရအဖွဲ့များ ပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် ဆက်လက်စာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ် အ.မ.က-၃ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းသို့ မြို့နယ်ပညာရေးမှူးမှ သွားရောက်ကြည့်ရှုအားပေး
Apr 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းရှိ သင်တန်းသား/ သင်တန်းသူများအား မြို့နယ်ပညာရေးမှူး ဆရာမကြီးမှ သွားရောက်ကြည့်ရှု့ကာ ဗလာစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းဖွင့်လှစ်
Apr 26,2024
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းနှင့် အလယ်တန်းအဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။