ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေး/ ဝယ်ယူရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဧပြီ ၂၅

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေး/ ဝယ်ယူရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက  ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ၂၀၂၄− ၂၀၂၅ ဘဏ္ဍာ ငွေအရအသုံးရေးဆွဲရာတွင် နိုင်ငံတော်၏မူဝါဒ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မူဝါဒ၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒများနှင့်ညီညွှတ်ပြီး လက်ရှိဒေသအခြေအနေများနှင့် အနီးစပ်ဆုံး ကိုက်ညီအောင် ရေးဆွဲရခြင်းဖြစ်ကြောင်း ၊ သို့ဖြစ်၍ ၂၀၂၄− ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ ၊ ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများကို အကောင်းဆုံးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်မည့်အစီအမံ များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းများ လျာထားသည့်အချိန်တွင် ယခင်ဘဏ္ဍာရေးနှစ် အနည်းချက်၊ အားသာချက်များကို အခြေခံ၍ ရေးဆွဲရခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် တင်ဒါအောင်ကုမ္ပဏီများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်နယ်စီမံကန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် ပြည်နယ်စာရင်းစစ်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်တို့က ဘဏ္ဍာရေးကျင့်စဉ်ကြီးများ ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်း ၊ အမိန့် ၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြကြပြီးနောက် အခမ်းအနားတက်ရောက်လာ ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ အတွက် ဆောင်ရွက်မည့်အစီအမံများကို  Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးနေလင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်တက်လမ်း