သတင်းများ

မိုင်းယောင်းမြို့တွင် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့၊ စာရင်းကောက်ယူရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 26,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့နှင့် စာရင်းကောက်ယူရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကွန်ပျူတာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Apr 26,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်ရန်အတွက်ဖွင့်လှစ်ခဲ့သည့် နွေရာသီကွန်ပျူတာ(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတက်ရောက်ပြီး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး
Apr 26,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက တိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။
နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြော
Apr 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် အသစ်ထပ်မံဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း(ပြင်ဦးလွင်)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Apr 26,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အသစ်ထပ်မံဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ပြင်ဦးလွင်)နှင့် စပ်လျဉ်း၍ သင်ကြား/ သင်ယူမှု အခြေအနေများ၊ အထောက်အပံ့ပေးအပ်နိုင်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့က အစိုးရမှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လာသည့် မိသားစုများ အပိုဝင်ငွေတိုးပွား
Apr 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုများ အပိုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် (Mobile Library Bus) ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Apr 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
မြို့သစ်မြို့နယ်တွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်တစ် အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။