မက်မန်းမြို့နယ်(Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Apr 25,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့မွန်လွဲပိုင်း အချိန်က လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။