သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

သီပေါ ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ဧပြီလ ၂၂ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်က ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 ၂၀၂၄ခုနှစ်၊ ဧပြီလအတွက် ပင်စင်လစာငွေများကို ဧပြီလ(၂၄)ရက်နေ့မှ (၂၉) ရက်နေ့ အထိ နံနက် (၇)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များ တွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက (၂၀၂၄) ခုနှစ်၊ မေလ လဆန်းပိုင်းတွင်ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၂၆၀)ဦးရှိပြီး၊ ဧပြီလ(၂၅)ရက်နေ့ အထိ လူဦးရေ(၆၀၀)ဦးခန့်အား ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်းနှင့် အငြိမ်းစားဝန်ထမ်းပင်စင် လာရောက်ထုတ်ယူသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဘဏ်မန်နေဂျာထံမှ သိရသည်။

ခင်လေး (ပြန်/ဆက်)