သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/အလယ်တန်း အဆင့်) ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်ပွဲ၊ စုပေါင်းရုံးအတွင်း ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်နှင့် UID နံပါတ်များထုတ်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Apr 26,2024
ကချင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက (သို့မဟုတ်) ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်က ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/ အလယ်တန်းအဆင့်) Certificate for Private Teacher (Primary and Lower Secondary Levels) ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။
နွေရာသီရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း၊ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာများထောက်ပံ့
Apr 26,2024
နွေရာသီနေ့အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအချို့တွင် ရေရှားပါးလာပြီး သောက်ရေ၊ သုံးရေအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့လာရသဖြင့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာ၌ သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Apr 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ သုတဘဏ်စာကြည့်တိုက်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Apr 26,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပြည်သာယာမြောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ နှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 26,2024
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ကန့်ဘလူမြို့၌ တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သောအဖွဲ့အစည်းသို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Apr 26,2024
ခေါင်းဆောင်နှင့်လက်အောက်ငယ်သားတို့အကြား ပေါ်ပေါက်တတ်သည့် အဆင်မပြေမှုများ၊ ခေါင်းဆောင်မှုပုံစံနှင့်အဖွဲ့အစည်း၏ အောင်မြင်မှုတို့ဆက်စပ်နေမှုများကို ပိုမိုသိရှိစေရန်ရည်ရွယ် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ၂၀၂၁ ခုနှစ်ထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၈)၊အမှတ်(၁၂)စာအုပ်မှ အောင်မြတ်စည်သူရေးသားသည့် တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သော အဖွဲ့အစည်းသို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 26,2024
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့အား ဇန်နဝါရီလအတွင်း KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့်လုံ ခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများ၊ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံစျေး၊ ဘုန်းတော်ကြီးကျောင်းများ၊ ရဲစခန်းများ၊ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကသာမြို့တွင် ဒေသထွက်ကုန် ရာသီသီးနှံ ပိုးဇာသီးစိုက်ပျိုးရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိ
Apr 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူကြိုက်များသည့် ဒေသထွက်ကုန် ရာသီသီးနှံပိုးဇာသီး စိုက်ပျိုး၍ ကျန်တောရပ်ကွက်၌ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်ရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။