လားရှိုး ဧပြီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်ကြီးများ လဲကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုးကျသည့် သစ်ပင်အချို့မှာ နေအိမ်အဆောက်အဦအချို့ပေါ်နှင့် မော်တော်ယာဉ်များပေါ်သို့ ကျိုးကျခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုများကြောင့် ကျိုးကျခဲ့သည့် သစ်ပင်များကို လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (ပြန်/ဆက်)