စက်မှုနည်းပညာဘာသာရပ်များ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

အမရပူရ ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့၊ပလစ ၂ အထက်တန်းကျောင်း၊စင်္ကြာမင်းခန်းမတွင် ယနေ့ ၊နံနက် ၉ နာရီအချိန်ကကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပလစ-၂ ကျောင်း၌ဖွင့်လှစ်မည့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ စက်မှုနည်းပညာဘာသာရပ်များ အတွက်သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန်သင်တန်းများနှင့် ကာလတိုသက်မွေး ပညာသင်တန်းများ၊ လက်ရှိဖွင့်လှစ်ထားရှိသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ သတ်မှတ် ချက်မူများ၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့် ဘာသာရပ်များ၊အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း များ မှ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် လက်တွေ့ပြုလုပ်သည့် မှတ်တမ်း ဓာတ်ပုံများ၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ပြုလုပ်ခဲ့သော အသိပညာပေး မှတ်တမ်းဓာတ်ပုံများစသည်တို့ကို ပရော်ဂျက်တာဖြင့်ရှင်းလင်းတင်ပြခဲ့ရာတက်ရောက်လာသူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာညွှန်ကြားရေးမှူးချုပ်ကပြန်လည်ရှင်းလင်းပေးခဲ့ပြီး စာသင်ခန်းများဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)