ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၆)အုပ်စုမှ အမိုးလန်ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ အမိုးလန်နေအိမ် ၄၅ လုံးနှင့်ပြိုလဲနေအိမ် ၂ လုံးအတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။