ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်

ခန္တီး မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျ‌ရောက်မည့် (၅၄) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးခရိုင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် ရာသီဉတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ " A Global Call For Climate Action" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခန္တီး) ကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် (၁၀) ဦးနှင့် အလယ်တန်းအဆင့်(၁၂)ဦး စုစုပေါင်းကျောင်းသား/သူ (၂၂) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဇွန်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ခွဲ၍ ဆုများအသီးသီးချီးမြှင့်သွားမည်‌ဖြစ်ကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)