အင်းစိန်မြို့နယ်တွင် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

အင်းစိန် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲကို အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မေလ(၁၈)ရက်နေ့၊နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အင်းစိန်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းနှင့် အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်တို့မှအမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဆွေက ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကိစ္စရပ်များနှင့်ပတ်သက်၍တင်ပြဆွေးနွေးပြီး  ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အင်းစိန်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်စာရေးများ စုစုပေါင်းအင်အား(၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)