ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ညောင်လေးပင် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသပေးခြင်းကို (၁၉.၅.၂၀၂၆) ရက်နေ့နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကို လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် (နေပြည်တော်) အစီအစဥ်ဖြင့် သုခမင်္ဂလာရောဂါရှာဖွေရေးစင်တာမှ တာဝန်ခံဒေါက်တာ လင်းလင်းအောင်နှင့် ဝန်ထမ်း (၁၄) ဦး၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ တာဝန်ခံဦးစီးအရာရှိနှင့် ဝန်ထမ်းများမှပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများရှိ ညောင်လေးပင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အခမဲ့ ECG စစ်ဆေးပေးခြင်း၊ ဓါတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးပြီး လိုအပ်သောဆေးဝါးများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)