ဒဂုံတောင် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၅ ရပ်ကွက်အတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ဌာနဆိုင်ရာများ၊ ကျန်းမာရေးဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း မိုးရာသီတွင် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ရပ်ကွက်များအတွင်းတွင် ခြင်နှင့်ပိုးလောက်လန်းများ မပေါက်ဖွားနိုင်စေရေးအတွက် ခြင်မှကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး ယခုကဲ့သို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း ခြင်များမှကူးစက်တတ်သောရောဂါများနှင့် ရာသီအလိုက် ဖြစ်ပေါ်တတ်သောရောဂါများ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးချက်များအား လိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိဘပြည်သူများအနေဖြင့် ကျန်းမာချမ်းသာပြီး ရောဂါဘယများကင်းဝေးနိုင်မှာဖြစ်ပါကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အသိပညာပေးပြောကြားသည်။
အဆိုပါအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၅ ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ပေးကြပြီး သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းနိုင်ရေး အသိပညာပေး အကြောင်းအရာများကို မိဘပြည်သူများသို့ အသိပညာပေးပြောကြားပြီး မိဘပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေး ဟောပြောပေးကြောင်းလည်း သိရသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူး ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
နေမျိုးအောင်(ဒဂုံတောင်)