ထန်းတပင်မြို့နယ်၌ KG နှင့် Grade-1 သင်တန်းသင်ကြားနေမှု လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှုအားပေး

ထန်းတပင် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့်အဖွဲ့ဝင်များသည် မေလ ၁၈ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ထန်းတပင်)၌ KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆင့်ပွားဆွေးနွေးပွဲသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ လွှတ်တော်ကိုယ်စားလှယ်များသည် မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာရေးမှူး နော်ခရီစဲလ်ဒါ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇာဏီမောင်၊ ဒေါ်ယုသဇင်မောင်တို့နှင့် ပညာရေးဆိုင်ရာကိစ္စများဆွေးနွေးသည်။ ဆက်လက်၍ အဆိုပါအဖွဲ့သည် အ.ထ.က(ထန်းတပင်)ကျောင်းတွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆင့်ပွားဆွေးနွေးပွဲသင်တန်းတက်ရောက်နေသော ဆရာ၊ဆရာများအား တွေ့ဆုံံအားစကားပြောကြားပြီး၊ ကျောင်းဝန်းအတွင်း (၁၄၀x၃၀)ပေ နှစ်ထပ်ကျောင်းဆောင်သစ် အပြီးသတ်ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)