ကျောက်ကြီး မေလ ၁၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင် သိန်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာတွင် အကြိမ် (၄၀) မြောက် အစိုးရဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို စတင်ဖြေဆိုလျက်ရှိသည်။
ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ ယဥ်ကျေးမှုဘာသာရပ်အား ကျောင်းသား/ ကျောင်းသူ (၃၇) ဦး၊ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ (၃၅) ဦး၊ အဘိဓမ္မာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ (၃၅) ဦးတို့ မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ ၂ နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက သိရသည်။
အဆိုပါဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကြည့်ရှုအားပေးပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အချိုရည်နှင့် မုန့်များဝေငှကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)