ရေတာရှည်မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ( Community Center )ခန်းမ၌ အခမ်းနားမှူးသင်တန်းဖွင့်လှစ်

ရေတာရှည် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အခမ်းအနားများတွင်အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် သက်ဆိုင်ရာဌာနများတွင် ဖွင့်လှစ်သည့် အခမ်းအနားများတွင် ဆောင်ရွက်နိုင်စေရန်တို့အတွက်ရည်ရွယ်ပြီး အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက သင်တန်းသားများအား သင်တန်းအချိန်မီ တက်ရောက်ကြရန်၊ သင်တန်းမှချမှတ်တဲ့ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် ယခုသင်တန်းမှာ စာတွေ့၊ လက်တွေ့နှစ်မျိုးစလုံးကို သင်ကြားပေးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားစွာနဲ့ လိုက်နာဆောင်ရွက်ကြရန်   ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သော်ဇင်အောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးခဲ့သည်။

 အဆိုပါသင်တန်းတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသူ/သားများ စုစုပေါင်းအင်အား (၄၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)