ဆင်ပေါင်ဝဲမြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ တီဘီရောဂါကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းများအား ရက်(၁၀၀)စီမံချက်ဖြင့် ကုသရေးလုပ်ငန်းဖြစ်သည့် ကျန်းမာရေးရောဂါပိုးမွှားများ သွေးစစ်ဆေးပေးခြင်းများ အခမဲ့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)