လယ်ဝေး မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းဆွေးနွေးပွဲကို မေ ၁၄ ရက်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားဆွေးနွေးပွဲကို လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၆၄ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၂ ကျောင်းတို့မှ မူလတန်းကျောင်းအုပ်ကြီးများနှင့် မူလတန်းအဆင့်သင်ဆရာ၊ ဆရာမ စုစုပေါင်း ၄၈၈ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ၆၂ ဦးက မေလ၂၄ ရက်နေ့အထိ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)