ပေါင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်ခြင်း လက်ကမ်းစာစောင်များဖြန့်ဝေ

ပေါင် မေ ၁၈

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့်  မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းလက်ကမ်းစာစောင် ဖြန့်‌ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေး၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကေသီစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်ဆရာ၊ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်များက လက်ကမ်းစာစောင်(၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းအားလုံး မေလ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပါမည်ဖြစ်ကြောင်း၊ KG မှ G-12 အထိ ပြဌာန်းစာအုပ်(၁)စုံစီ၊ ခဲတံ၊ဘောပင်များ၊ မူလတန်းက‌လေးများအတွက် ကျောင်းဝတ်စုံ၊ G-1မှ G-12 ထိ ကျောင်းသား၊ကျောင်းသူများအတွက် ဗလာစာအုပ်(၁)ဒါဇင်စီ ပေးအပ်သွားမည်ဖြစ်သည်။

ပေါင်မြို့နယ်သည် အခြေခံပညာကျောင်းပေါင်း(၁၆၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းရှိရာ KG မှ G-12 အထိ ကျောင်းသား၊ကျောင်းသူ (၄၇၅၈၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။

မွန်မလေး(ပြန်/ဆက်)