ကျိုက်မရော၌ ရက် (၁၀၀) စီမံချက်ဖြင့် ကော့စွယ်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျိုက်မရော မေ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက် (၁၀၀) စီမံချက်ဖြင့် ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရူစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကော့စွယ်ကျေးရွာတွင်းလမ်း အရှည် ၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းထောက်ပံငွေ (၁၅) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ (၁၁.) သန်း၊ စုစုပေါင်း ငွေကျပ် (၂၆.) သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)