သတင်းများ

သဲကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက်
Sep 20,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အသိပညာပေးခြင်း ဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်၌ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်၌ ဒေသထွက် ငရုပ်သီးစိမ်း စျေးကျဆင်းနေ
Sep 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ငရုပ်သီးစိမ်းများ စျေးကျဆင်းနေကြောင်း သိရသည်။
တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနား ကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 20,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၁၄၆)ရပ်ကွက် အောင်မြင့်မိုရ်အိမ်ရာဓမ္မာရုံတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောာင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ‌အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ပန်းဘဲတန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Sep 20,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အခြေခံပညာမူလတန်း အ.မ.က(၃) ပန်းဘဲတန်း၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေကို အလွယ်တကူဖတ်ရှုနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားတတ်စေရန်နှင့် အနာဂတ်တွင် နိုင်ငံကိုအကျိုးပြုမည့် သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။