ပျော်ဘွယ်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး

ပျော်ဘွယ် မေ ၁၉

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ဟူသောဆောင်ပုဒ်နှင့်အညီ မိဘပြည်သူများသိရှိစေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် လက်ကမ်းစာစောင်များကို မေ ၁၉ ရက် နံနက် နာရီက အမှတ်()အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအနီး၌ ဖြန့်ဝေပေးသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်လက်ကမ်းစာစောင်တွင် မိဘပြည်သူများသိရှိရမည့်အချက်များ၊ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာအတန်းအလိုက် အခမဲ့ဖြန့်ဝေပေးမည့် သင်ထောက်ကူပစ္စည်းများ၊ မိဘအုပ်ထိန်းသိမ်းသူများနှင့် ပြည်သူများထံသို့ မေတ္တာရပ်ခံချက်များစသည်တို့ပါဝင်သည်။

အဆိုပါ လက်ကမ်းစာစောင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပြည်သူများထံဖြန့်ဝေပေးခဲ့ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)