ချမ်းမြသာစည်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး

ချမ်းမြသာစည်  မေ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားများပြားသော မြို့သစ် (၃) ရပ်ကွက် ၆၂လမ်း ၁၁၀လမ်းဆုံမီးပွိုင့်၊ တမ္ပဝတီရပ်ကွက် အမှတ် (၇) အခြေခံပညာအထက်ကျောင်းနှင့် မြို့ဟောင်းစျေးတို့တွင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ​ကျောင်းအပ်နှံနိုင်ရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ   ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေခြင်း၊ ကားများဖြင့် လှည့်လည်နှိုုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မေ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံလက်ခံသွားမည်ဖြစ်ကြောင်း  သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)