ထားဝယ် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်စိုက်ပျိုးရေးဦ၊စီးဌာန၌မြေယာပြုပြင်ခြင်းနှင့် မြေဩဇာပြုလုပ်နည်း ဆိုင်ရာပညာပေးသင်တန်းကိုယနေ့နံနက်ပိုင်းက ခရိုင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
သင်တန်းတွင်ခရိုင်မြေအသုံးချရေးတာဝန်ခံဒေါ်သန်းသန်းအေးက သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြေဩဇာများသုံးစွဲရာတွင် ဓာတ်မြေဩဇာလျော့ချပြီး သဘာဝမြေဩဇာ များပြုလုပ်သုံးစွဲကြစေရန်အတွက်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းအကျိုးကျေးဇူးများ၊ သဘာဝမြေဆွေးပြုလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပို့ချပြီး တက်ရောက်လာသော တောင်သူများနှင့်မေးမြန်းဆွေးနွေးသည်။
သင်တန်းသို့ခရိုင်မြေအသုံးချရေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အတွင်း ၄ မြို့နယ်မှ တောင်သူများတက်ရောက်ခဲ့ကြသည်။
ငွေဇင်ယော်(ထားဝယ်)