ပြည်ကြီးတံခွန် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကျင်းပခြင်းနှင့် စတုတ္ထအကြိမ် ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွေးချယ်ရေးကော်မရှင်မှ သဘာပတိမိန့်ခွန်းစကားပြောကြားခြင်း၊ အမှုဆောင်အဖွဲ့အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်တို့အား ဖတ်ကြားခဲ့သည်။ ထို့နောက် လက်ရှိစာရေး ဆရာအသင်းဥက္ကဋ္ဌက လက်ရှိအလုပ်အမှုဆောင်ကို ဖျက်သိမ်းကြောင်းကြေငြာပြီး အမှုဆောင်ကော်မတီ အသစ် (၅) ဦးတို့ကို တက်ရောက်လာသော စာရေးဆရာများက လျှို့ဝှက်ဆန္ဒမဲ ပေးရွေးချယ်ခဲ့ကြပြီး စာရေးဆရာအသင်းဥက္ကဋ္ဌနေရာ၊ အတွင်းရေးမှူးနေရာနှင့် အကြိမ်ညီလာခံကိုယ်စားလှယ်များကို ရွေးချယ်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံဥက္ကဋ္ဌက အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့်အဖွဲ့ဝင်များကို ရွေးချယ်ပေးခဲ့သည်။
ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)