ကြည့်မြင်တိုင် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြည့်မြင်တိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး Biometric မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စျေးကလေးရပ်ကွက်ပြည်သူများအား ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ဦးစီးမှူး ဦးရဲမောင်မောင်ကျော် ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က စျေးကလေးရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)