ညောင်ဦး မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့(၁၂)ဖွဲ့နှင့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များပါ ဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေ ၁၉ ရက်နံနက် ၈ နာရီအချိန်မှစတင်၍ အခြခံပညာအထက်တန်းကျောင်း(ပုဂံ)ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းအထူးကုသရေးအဖွဲ့တွင် အထွေထွေအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွား မီးယပ်အထူး၊ ကလေးအထူး၊ အရိုးအထူး၊ အရေပြားအထူး၊ စိတ်ကျန်းမာရေးအထူး၊ မျက်စိအထူး၊ သွားနှင့်ခံတွင်းအထူးနှင့် ကင်ဆာအထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုဆရာ ဝန်ကြီးများသည် သက်ဆိုင်ရာကဏ္ဍအလိုက် ကုသပေးလျက်ရှိပြီး လာရောက်ကုသသူ (၇၂၀)ဦး လာရောက်ကုသလျက်ရှိကြောင်း သိရသည်။
အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသရာသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကုသပေးသည့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကူညီလုပ်အားပေးသူများနှင့်ဆေးကုသမှုလာရောက်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း