ဝမ်းတွင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝမ်းတွင်း-သဲတောသွားလမ်းမ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ဝမ်းတွင်း-သဲတောသွားလမ်းမတွင် ဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများအား မန္တလေးဒေသကြီးအစိုးရအဖွဲ့က ထုတ်ဝေသည့် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ပါဝင်သည့် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)