သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများချီးမြှင့်
Sep 20,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား “ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ”ကို စက်တင်ဘာလ (၁၈)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် ​​သာသနာ့မဂ္ဂဓမ္မာရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက (ဌ) ရပ်ကွက်၊ နှင်းဆီလမ်းမကြီး၊ နှင်းဆီ(၅) လမ်းထောင့်၊ ရွှေကြေးစည်ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ (Light Urban Search and Rescue Team- Group-A) အတွက် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲ ကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ (Light Urban Search and Rescue Team- Group-A) တပ်ဖွဲ့ဝင် (၂၀) ဦးအတွက် ရှာဖွေကယ်ဆယ်ရေး ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အဆိုပါ ဦးစီးမှူးရုံး၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်  အမှတ်(၃၅)ယာဥ်ထိန်း တပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ရွှေအင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ် ကျင်းပ
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ သီလဝိသုဒ္ဓိဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ ၁၂ နာရီအချိန်ထိ ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဥ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Sep 20,2025
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားစစ်‌ဆေးရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ရုံးမှ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် အလုပ် သမားများ၏ ဥပ‌‌ဒေပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အရှေ့ဒဂုံ စက်မှုဇုန်ရှိ Sanyuan Overseas အထည်ချုပ်စက်ရုံ၊Jinxin Technology Co,ltd လျှပ်စစ်ပစ္စည်းစက်ရုံ၊ (၁၀၉)ရပ်ကွက်ရှိ Bcc Jewelry Mfg ဖန်စီပစ္စည်းစက်ရုံ၊  Myanmar Bangqi Leather Good Co,Ltd  အိတ်ချုပ်စက်ရုံတို့တွင်‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။