နတ်မောက် မေ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းမဖွင့်မီ ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်းနှင့် ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးခဲ့ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မတို့က ကျောင်းရှိရေအုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းသုံးအိမ်သာများ၊ အပေါ့စွန့်သန့်စင်ခန်းများ၊ အမှိုက်ကျင်းများအား သန့်ရှင်းမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း