ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု အသိပညာပေး

ပြည်ကြီးတံခွန် မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂လမ်း၊ ၁၃၃×၁၃၄လမ်းကြား၊ (ဇ)ရပ်ကွက်၊ လမ်းဘေးဝဲယာ တစ်လျှောက်၌ ယနေ့ နံနက် ၈ နာရီခွဲက စတင်၍ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး လက်ကမ်းစာစောင်များ  လက်ဝယ်အရောက် ဖြန့်ဝေသည်။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲဖို့ မိဘပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ရန်၊ ကျောင်းအပ် နှံရေးသီတင်းပတ်ကိုလည်း  မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်စတင် လက်ခံသွားမည်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထင်လင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးဒေါ်အေးသန္တာနိုင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမ ၁၅၀၊ မြို့နယ်မီးတပ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ကျောင်းအပ်နှံရေး အသိပညာပေး စုစုပေါင်း လက်ကမ်းစာစောင်(၁၀၀၀)ကျော်အား ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)