သတင်းများ

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 20,2025
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) တပ်မတော် အရိုးအထူးကုဆေးရုံကြီး ခုတင် ၅၀၀ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မှော်ဘီခရိုင်၊ လှည်းကူးခရိုင်၊ ကမာရွတ်ခရိုင်၊ အလုံခရိုင်၊ ကျောက်တံတားခရိုင်များရှိ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာ‌ပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ
Sep 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာ‌ပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာ မဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့က ကျင်းပသည်။
တာချီလိတ်မြို့၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
Sep 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၌ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာခင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ယမန်နေ့က တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Sep 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရမူလတန်းကြိုကျောင်းတို့ ပူးပေါင်း၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲအား ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Sep 20,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်‌ပေးနိုင်ရန်အတွက် ဩဂုတ်လ ဒုတိယအပတ်က ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၇) ကတ်ကို မြို့နယ် လဝက ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀) ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 20,2025
၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ရွှေကျွန်းမြေ မိုးလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။