ပုသိမ်ကြီး မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီး နန်းဦးလွင်ကျေးရွာအုပ်စု မြို့ပတ်လမ်းနှင့် အုန်းချော အ.ထ.က ရှေ့ သုံးနေရာ၌ ယနေ့နံနက် ၇ နာရီက စတင်ကာ ကျောင်းအပ်နှံရေးသီတင်းပတ် မေ၂၅ရက်မှ ၃၁ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အား အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဌာဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၃၀၀ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်