သတင်းများ

အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အဖြစ် အားမာန်သစ်အသင်းက မူလွန်(၄)အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် “ကျော်’’အသင်းက “ကျေးဇူးကမ္ဘာ’’အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့ကြောင်း သိရသည်။
လွယ်တိန်ခမ်းဘိုးဘွားရိပ်သာ၌ ပထမအကြိမ် နှစ်ပတ်လည်အခမ်းအနားကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်ရှိ လွယ်တိန်ခမ်းဘိုးဘွားရိပ်သာ၏ နှစ်ပတ်လည်အခမ်းနားကို အဆိုပါရိပ်သာတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့နေ့လယ်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်
Aug 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယ‌နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်းတွင် ကာဂျီကီ(KAJIKI) မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဆောင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ဟိုပုံး​မြို့နယ် ပေါင်လင်းကျေးရွာအုပ်စုတွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 27,2025
ရှမ်း​ပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဗိန့်ပိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
မိုင်းခတ်၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Aug 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအခြေအနေကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မြစ်ကမ်းပြိုဘေးအန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Aug 27,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် မာန်မြေကျေးရွာအုပ်စုနှင့် ပင်းဝကျေးရွာအုပ်စုတို့မှ ကြိုတင်ပြောင်းရွေ့ခဲ့ကြသည့် အိမ်ခြေ ၁၀ လုံးနှင့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း မိုးစပါးအပြည့်အဝစိုက်ပျိုးရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲအသိပညာပေးမှု ကွင်းဆင်းကြည့်ရှု
Aug 27,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ KCတွင် ကွမ်းခြံ၊ ပိတောက်ချောင်၊ စိုင်ခေါင်းရိုး၊ ရုံးပင်၊ အေလာ၊ လက်ပန်ခုံကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။