ကျေးသီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးအခမ်းအနား ကျင်းပ
Aug 27,2025
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ရပ်ကွက်(၆)ခုရှိ မဲဆန္ဒရှင်ပြည်သူများအား အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ဦးဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကျေးရွာအုပ်စု(၁၁)ခုရှိ မဲဆန္ဒရှင်ပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။